skip to main | skip to sidebar

လွင်ပြင်ဂီတရဲ့အနက်ရောင်နှင်းဆီတစ်ပွင့်

Tuesday, May 18, 2010

ဆူး





ဆူး

လွင်ပြမှုန်မိုင်းနေတဲ့ ကောင်းကင်ကြီးရယ်
အထီးကျန်နေတဲ့ ဒီရင်ခွင်ကြီးအတွက်

နေရာတစ်နေရာလေး ပေးပါလား ။


စူးရှကွဲအက်နေတဲ့ ဒီရင်ခွင်အတွက်
ဆေးတစ်ခွက် ဘယ်လိုဖော်စပ်ရမှာလဲ
ရောဂါကျွမ်းလွန်းနေလို့ ဆေးမရှိတော့တာလား ။


ဘ၀ဟာအဲ့ဒါလား ဘ၀ဟာဒါလား
မေးခွန်းတွေပြည့်နေတယ်
နားလည်အောင် သင်ပေးပါလား ။

လမ်းပျောက်နေတဲ့ လူအတွက်
လမ်းစလေး တစ်စတော့
ဖွင့်ပေးပါလား ။


နွေးထွေးမှု လိုချင်တဲ့လူအတွက်
ရင်ခွင်လေး တစ်ခုတော့

ပိုင်ဆိုင်မှုလေး ရနိုင်မလား ။


ရွေးချယ်ခွင့်ရှိတယ်လို့ လူတွေကပြောကြတယ်

သေချာလားလို့ ပြန်မေးကြည့်ချင်တယ်

အဖြေရှိပါ့မလား ။


ဘ၀ကိုဘယ်လိုမြင်ကြည့်ရင် ကောင်းမလဲ

နေကာမျက်မှန်နဲ့ ဆိုရင်ရော
ကမ္ဘာကြီးကိုဘောင်ခတ်ပြီး ကြည့်တယ်လို့ ပြောဦးမှာလား ။


နားလည်မှုရဲ့ နားလည်မှုက
နားလည်ခြင်းပဲလား နားလည်ခြင်းရဲ့
နားလည်မှုကရော ။


ဆူးခင်းလမ်းကို လူတိုင်းလျှောက်ရတာလား

ပန်းခင်းလမ်းက ဘယ်မှာလဲ
လမ်းဆုံးမှ ရောက်မှာလား ။


ပင်ပန်းနေသူအတွက် အမောပြေ

ရေလေးတစ်စက်

ချပေးပါလား ချစ်သူရယ် ။


နှင်းဆီမြို့တော်က ချစ်နတ်သမီး Eros ရေ

ပြုစားခံရတဲ့ ကျိန်စာပြေအောင်

ဖြေပေးပါလားကွယ် ။

အနက်ရောင်နှင်းဆီ
Posted by အနက်ရောင်နှင်းဆီ at 12:31 AM
Labels: ကဗျာ

0 comments:

Post a Comment

Newer Post » « Older Post Home
Subscribe to: Post Comments (Atom)

Labels

  • ကဗျာ (3)
  • အမှတ်တရများ (2)
  • မောင့်ကဗျာများ (1)

Blog Archive

  • ▼  2010 (6)
    • ►  June (1)
    • ▼  May (5)
      • ဖေဖေါ်ဝါရီအတွက်ရိုးလွန်းတဲ့ကဗျာ
      • ဆူး
      • ရုပ်သေ
      • ရှင်သန်ခွင့်
      • I Love You,Mg

ခင်မင်သမျှ

  • ရိုးရာ
    သို့ . . . လရိပ်ထင်
    14 years ago
  • ရုပ်သေး
    ရင်ဝှက်ဂီတ ( မောင်မိုးမြင့် )
    14 years ago
  • ညီစိမ်း (ခ)သိုးမည်း
    ခဏတဖြုတ် သတိပေးကြေညာချက်
    15 years ago
  • မြေလွတ်မြေရိုင်းများ
  • ရင်ခွင်ရှိန်း (သို့ ) မောင်

စက်ရုပ်နဲ့ Chat ကြရအောင်

  • မိန်းကလေးများ Chat ရန်
  • ယောက်ျားလေးများ Chat ရန်

မူပိုင်ရှင်

  • ရင်ခွင်ရှိန်း (သို့ ) မောင်

ဘယ်အချိန်ရှိပြီလဲ

ဧည့်သည်တော်စာရင်း

widgeo.net

ပြောပေးကြပါ

 
Copyright © လွင်ပြင်ဂီတရဲ့အနက်ရောင်နှင်းဆီတစ်ပွင့်. All rights reserved.
Blogger templates created by Templates Block
Wordpress theme by Uno Design Studio