skip to main | skip to sidebar

လွင်ပြင်ဂီတရဲ့အနက်ရောင်နှင်းဆီတစ်ပွင့်

Showing posts with label အမှတ်တရများ. Show all posts
Showing posts with label အမှတ်တရများ. Show all posts

Thursday, June 24, 2010

အချော့တေးသွား

အချော့တေးသွား

စိတ်ကောက်ပြေတော်မူပါ..
မှုန်....ရီ..အက်ကွဲနေတဲ့ညက
ခရမ်းနုရောင် ပတ်ပျိုးကို
ခပ်ဖွဖွလေး ပြေးလာတဲ့ လေပြေတစ်ချိုနဲ့
သီဆိုပေးတယ်......

ဘာအဆက်အစပ်မှ မရှိဘဲလွမ်းတယ်..
နီကျင်ကျင် မီးသီးကပြူးပြဲကြည့်တော့
ငါဟာ.....တစ်ယောက်တည်း
ချောက်ခြားသွားခဲ့ပေါ့.....
ဒီည လ..မသာ ရှာဘူး....

ကိုယ့်စိတ်ကို ကိုယ်ပြန်ဖတ်နေတုန်း
အတုံးအရုံးဝင်လာတဲ့
ပစ္စုပ္ပန်ကြောင့်....
အတွေးတွေ အိပ်ရေးပျက်တယ်ကွယ်....

ဒီအချိန်ဆို...... အိပ်စက်နေမဲ့....
ဗီးနပ်(စ်) သမီးတော်ရဲ့....
မျက်လုံးအစုံ မှိတ်နေတာကို
တိတ်တိတ်လေးကြည့်ချင်ပါရဲ့...

အဖော်မရှိပဲ လွမ်းရတာဟာ
ပျင်းစရာတော့..အကောင်းသား
အဲဒီလိုနဲ့....
နာရီတွေ ပျင်းရိလေးတွဲစွာ
အသက်ရှုတာကို...တိုင်းကြည့်ရင်း
ဒီညတော့...မိုးစင်စင်လင်းပြီထင်ပါရဲ့....

မဟုတ်သေးဘူး ကောင်မလေးရေ
မင်း "ချစ်တယ်" လို့မပြောသေးသရွေ့
ဝေဝေဝါးဝါး..ရွေ့နေတဲ့ ကိုယ့်တိမ်တိုက်တွေ
ဆွေး...မြေ့.....အက်.....ကွဲ.....လို့
နွေရာသီ အိမ်မက်တွေ မက်နေရဦးမှာပါပဲ....

ငါကလည်းခက်တယ်ကွယ်
ကိုယ်ကချစ်ပြီး...သူပြန်မချစ်တဲ့
ပုစ္ဆာကိုမှ....
ပုံသေနည်းနဲ့ တွက်ချင်နေခဲ့တယ်....

ကိုယ့်မြို့ရိုးလေးမှာ....
မြက်ရိုင်းရှည်တွေ ပေါက်နေလေရဲ့...
အထီးကျန်တောင်ကို အုပ်စိုးဖို့...
မိုးတွေညို့ပြတဲ့အခါ...
အနက်ရှိုင်းဆုံး ထိုးကျလိုက်ချင်တယ်.

ဟော့ဒီရင်ဘတ် ထောင့်တစ်နေရာမှာ
အစွမ်းကုန်ပွင့်အာချစ်နေတဲ့...
အဖြူရောင် ပန်းတစ်ပွင့် ရှိနေလေရဲ့...

ကောင်မလေးရေ....
မင်းနှလုံးသား တံခါးကိုမင်းခေါက်ပါ
ဗိမ္မာန်တော်က နိုးတဲ့အခါ..
ငါ့ရဲ့လက်တစ်စုံနဲ့...မနက်ခင်းတွေကို
ရွှေအိုရောင် ဆိုးပေးမယ်လေ...

စိတ်ကောင်ပြေတော်မူပါ....
ဒါမှမဟုတ်
ချစ်တော်မူပါ....
ရင်ကိုနင်းဖို့သဲလိုလည်း
ခင်းပေးထားပါတယ်....
ရင်ကိုခွဲမယ် ဆိုလည်း
အသွားထက်တဲ့ ဓါးတစ်လက်
လာရောက်ဆက်ပါ့မယ်....

ခုတော့..........
ခေါင်းစဉ်မဲ့ ဒီအလွမ်းတွေနဲ့....
တစ်ညလုံး...............
ထွေး.......လုံး.......ရစ်.......ပတ်
အိပ်ရေးပျက်ပြီကွယ်..........

(ရင်ခွင်ရှိန်း)
Posted by အနက်ရောင်နှင်းဆီ at 10:06 PM 0 comments
Labels: အမှတ်တရများ

Thursday, May 20, 2010

ဖေဖေါ်ဝါရီအတွက်ရိုးလွန်းတဲ့ကဗျာ


ဖေဖေါ်ဝါရီအတွက်ရိုးလွန်းတဲ့ကဗျာ

အိုင်ယာလန်မလေး.....
ြ့မန်မာသွေး မစစ်တဲ့ မြန်မာပြည်ကို...ချစ်တဲ့ ကောင်မလေး

စကပ်ကလေးနဲ့ လှ....
သွားလေရာမှာ ခြေကျင်းလေး ငါဖြစ်မယ်


မြောက်လေတွေ ပျံ့သင်း

နဂါးတွေရဲ့ ခံတွင်းဝကနေ

လကွေးကွေးလေးနဲ့ ဆွေးနေမယ်

စံပယ်ပန်းလေးကိုပန်

ဘ၀အမှန်ကိုမေ့ကွယ်


ပါးကွက်ကြားလေးနဲ့ ငါ့ရာဇ၀င်ကိုချီ

တေးတွေကိုလည်း သီပေးမယ်


ချည်ချောထမီလေးနဲ့ ယဉ်

မြန်မာလိုပြော...
ငှက်တွေကူးခတ် ... ငါးတွေပျံသန်း

တယောအိုတစ်လက်.....နဲ့

ဧဒင်ဥယျာဉ်ကြီးမှာ ပန်းပုခက်လဲစီးကွယ်


အနီရောင်မြို့ပြထဲက ကျေးလက်ပုံစံနဲ့....

ဘာဖြစ်သေးလဲကွယ်....

လေထဲက... ရဲတိုက်ကြီးကိုဆွဲထုတ်

နင်က ဘုရင်မလုပ်

ငါက အိပ်ဖန်စောင့်လုပ်မယ်


နင့်...လက်ဖျားထိပ်မှာ

ကြယ်တွေ ပွင့်..

နတ်ဘီလူးတွေစစ်လက်နက်တွေချ

ခေါင်ရမ်းတစ်ပွင့်ပျိုးလို့ ..နှင်းဆီပွင့်တဲ့ ....
မှော်ရာသီမှာ ...ရင်ဘတ်ထူထူနဲ့

မာနရူး... ရူးနေတဲ့ .....

ငါ..ဟာ အဆိပ်ဆူးလဲဖြစ်ချင်တယ်


လှပြီးသားကွယ်...

သနပ်ခါးလေးနဲ့ လည်း....

ငါ့ အိပ်မက်တွေကို နင်...ပိုင်တယ်


ကတ္တီပါဖိနပ်လေးနဲ့ ...

ပုသိမ်ထီးကလေးကိုဆောင်း

နတ်လုလင်တို့ ဗျတ်စောင်းကိုတီးကြ
ပွင့်သောပန်းတိုင်းလဲ လှစေ


ကျေးတောသူတတ်တဲ့ ပဉ္စလက်နဲ့

ပင်လယ်ကြီးကို မျှားကြစို့

သောကြာနေ့မှာ စနေနံ အင်္ကျီကြီးမ၀တ်နဲ့

တိုးတိုးလေးပဲပြောပါကွယ်.....

တိတ်တိတ်ကလေးနားထောင်မယ်.....


ကန္တာရင်ဘတ် ကြက်ခြေခတ်တွေတလက်လက်နဲ့

ရေငတ်နေတာ ကြာပေါ့....။

အိုင်ယာလန်မလေးရေ....

ညောင်ရေအိုးထဲက ရေတစ်စက်နဲ့....

ငါ့ အသက်ကိုဆက်ပါ ....။


မြူမှုန်တွေကျဲပက်...
ရာဇ၀င်အထပ်ထပ်နဲ့...

ဟင်းလင်းပြင်မှာညပ်နေတဲ့ ...ဓါးတစ်ချောင်း

ငါ ... မနေ့ကအင်္ကျီကိုပြောင်းပြန် ..ပြန်ဝတ်တယ်


ကာရန်မညီလဲ...ချစ်ပါရစေ

အိုင်ယာလန်မလေးရေ....။
နင့်နာမည်ခေါ်ရတာခက်တယ်.....

နာမည်ပေး ကင်ပွန်းတပ်ကို....

(၁၃) ရက်နေ့ မှာလုပ်မယ်..... ။

(၁၄) ရက်နေ့မှာ နင့် အတွက်ဆိုပြီး...
ဒီကဗျာကို ငါရေးမယ်......... ။




ရင်ခွင်ရှိန်း
Posted by အနက်ရောင်နှင်းဆီ at 1:20 AM 0 comments
Labels: အမှတ်တရများ
« Older Posts Home
Subscribe to: Posts (Atom)

Labels

  • ကဗျာ (3)
  • အမှတ်တရများ (2)
  • မောင့်ကဗျာများ (1)

Blog Archive

  • ▼  2010 (6)
    • ▼  June (1)
      • အချော့တေးသွား
    • ►  May (5)

ခင်မင်သမျှ

  • ရိုးရာ
    သို့ . . . လရိပ်ထင်
    16 years ago
  • ရုပ်သေး
    ရင်ဝှက်ဂီတ ( မောင်မိုးမြင့် )
    16 years ago
  • ညီစိမ်း (ခ)သိုးမည်း
    ခဏတဖြုတ် သတိပေးကြေညာချက်
    16 years ago
  • မြေလွတ်မြေရိုင်းများ
  • ရင်ခွင်ရှိန်း (သို့ ) မောင်

စက်ရုပ်နဲ့ Chat ကြရအောင်

  • မိန်းကလေးများ Chat ရန်
  • ယောက်ျားလေးများ Chat ရန်

မူပိုင်ရှင်

  • ရင်ခွင်ရှိန်း (သို့ ) မောင်

ဘယ်အချိန်ရှိပြီလဲ

ဧည့်သည်တော်စာရင်း

widgeo.net

ပြောပေးကြပါ

 
Copyright © လွင်ပြင်ဂီတရဲ့အနက်ရောင်နှင်းဆီတစ်ပွင့်. All rights reserved.
Blogger templates created by Templates Block
Wordpress theme by Uno Design Studio